Mandalay through a peephole

Sann Kyawswar Winn
Translated by Ko Ko Thett

All creatures are mortal.

Nay Myo is our resident poet,

the immortal,

with a bunny of a heart.

 

Maung Thein Zaw does beiktheik;

at Buddhist ceremonies;

he chants incantations for cash.

While reciting a phayataing martial yatu,

he jumped and screamed

when a leaf fell at his feet.

He’s the Duke of Mandalay poets.

 

Neither diamond, nor gold,

just a roadside stone from Mandalay.

If there are only two seats for three persons,

“Shut it, I will sit on the floor.” he insists.

Mr. Stone Obelisk, Khin Zaw Myint,

he lives the Mandalay life. He lives in honesty.

 

This one sings mahagita, the Burmese classical.

He plays the xylophone.

He will smack your head when he is in bad mood.

His age has mellowed,

his voice stays strong.

With all the virtues of Inwa is

Baba U Ko Lay.

 

He is 65, his prison age is 35.

Maung Hmaing Lwin lives up to his name,

all the hues of the blues.

In the time of murderers going places

he was jailed for 

grabbing a corpse.

 

“The day I take my cowboy hat off

there will be a deluge in Mandalay,”

declares Saya Maung Thin Pan.

 

Ko Dat, Mr. Elements, claims,

“The Earth began in fire.
IN FIRE IT WILL END!”

Bo San Pe held out in the jungle in an armed resistance.

He held the frontline of a campus protest.

“Call me Bro, call me Uncle.

You may call me what you like.

My ears are fed up with “Saya, Saya.”

That is our city’s revolutionary poet San Nyein Oo.

 

Every inch of his skin is covered in tattoos.

Myanmar and Manchester United flow in his veins.

The Godfather is sheathed in velvet.

“I don’t know how to fight with my fist,

I only know how to wait tables.”,

brags the restauranteur, the poet Htun Thway Eain.

 

He is a hundred percent loving kindness.

He sounds like an academic when he speaks.

Mo Shan owns an index finger,

fated to be crowned.

 

“Bro, you want some more?

No more intoxicants after this one.

It’d be great if we could get pissed

on the Mandalay moat water.”

The poet Yoe Di is gone.

 

“Motorcycles reek of fuel.

They burn your arse too.”

Ko Nyein, who will always cycle

a great distance for a poem, is also gone.

 

He calls everyone “Nephew-son-darling.”

He teases me to no end.

He loves teaching English to

the unteachable Lay Thway Nyo.

He calls me “My Son.”

Nay Moe Nyo is a biker poet

who keeps riding

to the edge of the earth.

 

The eagles are about to roost.

The earthly star is

about to shine in heaven.

That’s the heavyweight Paing Soe Way.

 

I miss my brother, who moved

to Monywa for marriage, to become a noble.

He tutored high school students, while

letting his mind roam in poetry.

 

At Kuthodaw, they say

florists aren’t as pretty as flowers.

When you see a florist,

whose spirit is prettier than flowers,

your chest will be overlaid with 

with poetic scents.

 

Salutes to

the poets I often met on Sundays.

 

If you want to peep at Mandalay

you will need a humongous hole

to capture all the scenes.

— —

မန္တလေးကို ချောင်းကြည့်ခြင်း

ဆန်းကျော်စွာဝင်း

 

သတ္တဝါအားလုံး သေမျိုးချည်းပဲ

နေမျိုးကတော့ ငါတို့မြို့ရဲ့ ကဗျာဆရာပေါ့

ယုန်အသည်းနှလုံးနဲ့ အသက်ရှင်တဲ့ ကဗျာဆရာလေ

 

ဘိသိတ်လည်းမြှောက်တယ်

ဇာတ်လည်းကတယ်

ဘုရားတိုင် စစ်ချီ ရတုရွတ်ရင်း

သစ်ရွက်လေး ပြုတ်ကျတော့

အလန့်တကြား ထ ထအော်တဲ့

မောင်သိန်းဇော်ဟာ ငါတို့မြို့ရဲ့ကဗျာမင်းသားကြီး

 

စိန်ခဲ ရွှေခဲ မဟုတ်တဲ့

လမ်းဘေးက ကျောက်ခဲ

လူနှစ်ယောက် ခုံ၂လုံးရှိရင်

 " လျှာမရှည်နဲ့

  ငါက မြေကြီးပေါ် ထိုင်မယ် " တဲ့

ဦးကျောက်ခေါ် ခင်ဇော်မြင့်က

ငါတို့မြို့ရဲ့ ရိုးဂုဏ်ကြီးပေါ့

 

မဟာဂီတဆိုတယ်

ပတ္တလားတီးတယ်

စိတ်မထင်ရင် ဂွက်ခနဲ ခေါင်းကို တီးတတ်တယ်

အသက်သာပျော့လာတယ်

အသံက မာကျောတုန်း

အင်းဝရဲ့ဂုဏ်ရည်အပြည့်ရှိတဲ့ ဘဘဦးကိုလေး

 

လူ့အသက် ၆၅ဆို

ထောင်သက်က ၃၅ရှိတယ်ဆိုတဲ့

ပြာရီမှိုင်းလွင်တဲ့ မောင်မှိုင်းလွင်

လူသတ်သူတွေ ရာထူးကြီးတဲ့ခေတ်ထဲ

သေပြီးသား အလောင်း ဝင်လုလို့

ထောင်ကျရသတဲ့

 

ငါ့ကောင်းဘွိုင်ဦးထုပ်ကြီး ချွတ်တဲ့နေ့

မန္တလေးမှာ ရေကြီးလိမ့်မယ်ဆိုတဲ့

ဆရာမောင်သင်းပန်

 

ကမ္ဘာမြေရဲ့အစနဲ့အဆုံးဟာ

မီး လို့ ဆိုတဲ့ ကိုဒြပ်

 

ဗိုလ်စံဖဲက တောမှာပုန်းပြီး တော်လှန်တယ်

သူက တက္ကသိုလ်တပ်ဦးက တော်လှန်တယ်

" အစ်ကိုတန်သည် ဦးလေးတန်သည်

  ကြိုက်ရာနာမ်စား ခေါ်စမ်းပါ

  ဆရာ ဆရာ ဆိုတာကြီးက

  နားကြားပြင်း ကပ်တယ်ကွ " တဲ့

ငါတို့မြို့ရဲ့ တော်လှန်ကဗျာဆရာ စံငြိမ်းဦး

 

သူ့အရေပြားအားလုံးမှာ တက်တူးဖုံးထားပြီး

သူ့သွေးထဲ မြန်မာနဲ့မန်ယူ စီးနေတဲ့

ကတ္တီပါခြုံထားတဲ့ ဂိုဏ်းစတားကြီး

လက်သီးမထိုးတတ်ပေမယ့်

စားပွဲထိုးတတ်ပါတယ်ဆိုတဲ့ ထွဏ်းသွေးအိမ်

 

ချစ်ခြင်းမေတ္တာကို အပြည့်ဝလက်ကိုင်ထားတယ်

စကားပြောရင် ပညာတတ်ဆန်တယ်

ဘုရင်ဖြစ်မယ့် လက်ညှိုးပိုင်ရှင် မိုသျှန်း

 

" ကိုယ့်ညီ

 သောက်ဦးမလား

 ဒီတစ်လုံးကုန်ရင်တော့ မူးစရာမရှိတော့ဘူး

 ကျုံးရေခပ်သောက်ပြီး မူးလို့ရရင် အကောင်းသားပဲ" ဆိုတဲ့

ကိုရိုးဒီ မရှိတော့ဘူး

 

 " ဆိုင်ကယ်က ဆီစော်နံပါတယ်

  ဖင်လဲ ပူတယ် " ဆိုပြီး

ကဗျာရှိရာ စက်ဘီးတစ်စီးနဲ့ အရောက်လာတဲ့

ကိုငြိမ်း မရှိတော့ဘူး

 

တူသားမောင်မယ်လို့ခေါ်ပြီးမှ

အကျီစားသန်တဲ့ လေးညို

လေသွေးညိုကို အင်္ဂလိပ်စာသင်ပေးတဲ့အကြောင်းတွေ

အများကြီး ဖတ်ချင်သေးတယ်

မိုင်ဆန်းလို့ ခေါ်တတ်ပြီး

Bikerကဗျာဆရာကြီးအဖြစ်နဲ့

မြေကုန်ခြေကုန် ပြေးဆဲဖြစ်တဲ့ နေမိုးညို

 

သိမ်းစွန်ငှက်တွေ ပြန်ချိန်နီးပါပြီ

မြေပြင်ကနေ ကောင်းကင်မှာ ဝေတော့မယ့်ကြယ်ဟာ

ဆရာပိုင်စိုးဝေ ဖြစ်မယ်

 

အိမ်ထောင်ကျပြီး

မုံရွာကို သူကောင်းဖြစ်ဖို့ပြောင်းသွားတဲ့ ငါ့အစ်ကိုရော

ကျူရှင်သင်ရင်း စိတ်တွေမျှားတဲ့ ငါ့အစ်ကိုရော

သတိရတယ်

 

ပန်းသာ လှတယ်

ပန်းသည် မလှတဲ့ ကုသိုလ်တော်

ပန်းသည်စိတ်ထားဟာ ပန်းထက်လှပြန်တဲ့အခါ

ကဗျာအဆီအသားတွေ ရင်နင့်အောင်မွှေးလို့

 

တနင်္ဂနွေမှာ စုံခဲ့ဖူးတဲ့

ဦးညွှတ် အလေးပြုအပ်သူတွေ

 

မန္တလေးကို ချောင်းကြည့်တဲ့အခါ

ကဗျာမြင်ကွင်းအကုန်မြင်ရဖို့

ချောင်းကြည့်ပေါက် အကျယ်ကြီးလိုအပ်မှာ ။

Sann Kyawswar Winn (1991) is from Mandalay. Since the publication of his poem, War [စစ်]’, in ‘For Peace’, a 2015 poetry anthology from PEN Myanmar, he has published more than fifty poems in Myanmar magazines and five collections of poetry.