Short Skirt

A visual poem by Nandar

My short skirt

 

My freedom,
My comfort,
My feminity,
My confidence,
My enthusiasm,
And my safety net.

 

When I was twelve
On a sunny beautiful day
My brother screamed at my short skirt,
‘What are you wearing,
GO CHANGE RIGHT NOW!’
For the first time, my short skirt shrinked with,
Insecurity,
Restriction,
Control,
The limits on my rights.

 

“Mom, please
Why don’t you say something?”
I pleaded with my mom who’s standing right behind.
She did not say a word.

 

But, well…
What can you do?
When you live in a society
Where
Silence,obedience, and tolerance are
measurement for a good girl behaviour
When the storm comes,
You learn to respond
Not with words but with obedience
Like we always do.

 

If you repeat something over and over again,
It becomes a norm.
And you get used to it.

 

My short skirt that enjoys dancing through storms and rain wants to disagree the norms and goes against it.

 

My short skirt
It neither disturbs nor wants to be disturbed.

 

Despite the male gaze on my short skirt,
It didn’t bother.
It didn’t beg.
It didn’t seek attention.
It didn’t apologize.
It didn’t cry out loud.
Most importantly, it did not ask for it.
Never asked for it!

 

My short skirt was torn apart with pain and tears in the name of
Culture,
Family,
Society, and
Rapists.

 

And just like that
The free-spirited, happy, confident and enthusiastic girl
Vanished along with the short skirt,
As people shout,
Long live Patriarchy!

 

To
This society,
This Law,
This Culture,
That labelled my short skirt as a dangerous weapon
The girl with the short skirt will just scoff,
PISS OFF!

စကတ်တိုတို

လွတ်လပ်မှု၊
ပေါ့ပါးမှု၊
မိန်းမဆန်မှု၊
ယုံကြည်မှု၊
တက်ကြွမှု၊
ကျွန်မရဲ့ စကတ်တိုဟာ
ကျွန်မကို ကာကွယ်ပေးခဲ့တယ်။
 

နေသာနေတဲ့တစ်ရက်မှာ
အသက် (၁၂)နှစ်အရွယ် ညီမလေးကို
'ဟဲ့ မင်း စကတ်တို ဘာလို့ဝတ်ထားတာလဲ
အခုချက်ချင်း သွားလဲစမ်း'
ဖိုဝါဒီမာန်တွေနဲ့ ပြောလိုက်တဲ့ကိုယ့်ကို
စကတ်တိုဟာ မကျေနပ်စွာ မော့ကြည့်ရင်း
မလုံခြုံမှု၊
တားဆီးမှု၊
ထိန်းချုပ်မှု၊
ရပိုင်ခွင့်(တား)မှုတွေ
ခံစားလိုက်ရတယ်။

 

'အမေရေ တစ်ခုခုပြောပါဦး'
အားကိုးတဲ့မျက်စိတွေနဲ့ မျှော်ခဲ့တယ်။

 

ခေါင်မိုး မပါတဲ့အိမ်မှာ
အမျိုးသမီးတွေ စုပြုံနေတာဟာ
မိုးလုံ၊ လေလုံ
ဘယ်ရှိပါ့မလဲ။
လေမုန်တိုင်းကြီးလာတိုင်း
အသံတိတ်ခံနေရတာပဲလေ။
ဒါက ကျင့်သားတစ်ခုပဲ။

 

အရာတစ်ခုကို
ထပ်ခါ ထပ်ခါ ထပ်ခါ
ကြုံတွေ့နေရရင်
ကျွန်မတို့ နေသားကျတာပဲ
မဟုတ်လား။

 

ကျွန်မရဲ့ စကတ်တိုဟာ
ဒါကို သဘောမတူပြန်ဘူး။

 

လေတွေနဲ့အတူ
ယိမ်းက ရတာကြိုက်သလို
ရေတွေကြားမှာ
ပျော်တတ်သလို

 

နေပူဒဏ်ကိုလည်း
ခံနိုင်ခဲ့တယ်။

 

ကျွန်မရဲ့ စကတ်တိုဟာ
ဘယ်သူ့မှကို မနှောင့်ယှက်သလို
ဘယ်သူ့အနှောင့်အယှက်ကိုမှ
မခံဘူး။

 

မျက်စိတွေအားလုံး
ကျွန်မရဲ့ စကတ်တိုပေါ် ရောက်နေပေမယ့်
ကျွန် စကတ်တိုတိုဟာ
ဘယ်သူ့မှကို ဂရုမစိုက်ခဲ့ဘူး၊
မနစ်နာစေခဲ့ဘူး၊
မခယခဲ့ဘူး၊
မတောင့်တခဲ့ဘူး၊
မဖိတ်ခေါ် နေခဲ့ဘူး၊
မနှိမ့်ချခဲ့ဘူး၊
မငိုကြွေးခဲ့ဘူး။

 

ဒါပေမယ့်
ကျွန်မရဲ့ စကတ်တိုဟာ
ယဉ်ကျေးမှု၊
မိသားစု၊
ပတ်ဝန်းကျင်၊
မုဒိန်းကောင်တွေကြောင့်
တွန့်ကြေခဲ့တယ်၊
ဆုတ်ပြဲခဲ့တယ်၊
နာကျင်ခဲ့တယ်၊
ငိုကြွေးခဲ့တယ်၊
တောင်းပန်ခဲ့တယ်။

 

ဒီလိုနဲ့
လွတ်လပ်တဲ့၊
ပျော်ရွှင်တဲ့၊
ယုံကြည်မှုရှိတဲ့၊
တက်ကြွတဲ့
မိန်းမငယ်လေးဟာ
ဖိုဝါဒီမာန်အောက်မှာ
သေဆုံးသွားခဲ့ရတယ်။

 

လုံခြုံနေတဲ့ ကျွန်မရဲ့စကတ်တိုကို
မလုံခြုံဘူးလို့ နာမည်ပေးနေတဲ့
ဒီပတ်ဝန်းကျင်၊
ဒီဥပဒေ၊
ဒီယဉ်ကျေးမှုကို
ကျွန်မရဲ့ စကတ်တိုဟာ
လှောင်ရယ် ရယ်ရင်း
နှုတ်ဆက်ခဲ့တယ်။

On the journey to create short skirt as narrow as the mind of the people who judge my short skirt.

Nandar is a feminist activist, a storyteller, and a podcaster in Myanmar. She is the Founder and Executive Director of the Purple Feminists Group and hosts the podcasts G-Taw Zagar Wyne (in Burmese) and Feminist Talks (in English). In 2020, she was named in the BBC 100 Women list.