The Underclass

Hninn Khar Moe

First published in Burmese at MoeMaKa, 25 January 2022.

The underclass  

There are eight layers in the Buddhist hell.

Our apartment building has six levels.

The ground floor is Avici, the lowliest of

the infernal. Every night there’s a fight down there.

Squatting on the stairs, delousing each other’s head,

Avici denizens block my way.

Leftovers for stray dogs are piled on my path.

You don’t have to look to see people sleeping

in a line in the Avici cells.

Stepfather and daughter are divided by a mosquito net.

 

There are always newcomers in the see-through flat.

Their “TO LET” sign is face-up this moment, face-down next.

Brokers from the neighbourhood come and go.

The grille at the door of the second floor flat is always curtained off.

You can’t escape the smell of incense sticks

from a nat shrine on the third level.

My downstairs neighbour, an old lady; her prayer

will get louder as soon as she hears footsteps.

The alcoholic from Daba plays music

at top volume every night. His flat is heaven — for him.

Once the chihuahua from next door hears me at my door,

it will always pounce on me with a big bark.

What a deafening bark for a small creature!

My grille needs fixing. To open it, I have to lift it first

to keep the rattle down.

I always keep the lock on the inside of the grille.

I have to push my fingers through the iron bars to unlock it.

Once I lost the key. The locksmith charged me 10,000 kyat extra

for having to work his hands through the grille.

I still keep the new lock on the inside.

It gives the impression that someone is home.

It makes me feel more secure.

Truth be told, my flat is always soulless.

People who have been here hardly return. 

If not for the pot plants on the patio the flat would have been properly lifeless.

‘Why am I still alive?’ I keep asking myself in my empty flat.

 

I once told a guest who was down with a toothache to jump off.

I wasn’t joking.

I hate pain more than I hate death.

Still — Avici is not that appealing

from the fifth level.

အောက်ဆုံးအလွှာ

ငရဲကြီးကရှစ်ထပ်

ငါတို့တိုက်ကခြောက်ထပ်၊

အောက်ဆုံးထပ်က အဝီစိပဲ

ညတိုင်းရန်ဖြစ်တယ်

သန်းတုတ်ရင်း လှေကားဝကို ပိတ်ထိုင်တယ်

လူဝင်လမ်းမှာ ခွေးစာပုံကျွေးတယ်

အခန်းထဲမှာတန်းစီအိပ်နေတာ လှမ်းမကြည့်ပဲမြင်ရတယ်

မယားပါသမီးနဲ့ ပထွေးဟာ ခြင်ထောင်တလုံးပဲခြားတယ်။

 

မှန်ခန်းမှာ လူမမြဲဘူး အမြဲတမ်းလူသစ်ချည်းပဲ

တိုက်ခန်းငှားမည်ဆိုင်းဘုတ်ဟာ လှန်လိုက်မှောက်လိုက်ပဲ လမ်းထဲကပွဲစားတွေကလည်း ဝင်လိုက်ထွက်လိုက်ပဲ

ဒုတိယထပ်ကသံတံခါးဟာ အမြဲတမ်းကန့်လန့်ကာချထားတယ်

တတိယထပ်ကိုဖြတ်ရင် နတ်စင်ကအမွှေးတိုင်နံ့ကို ရှောင်မလွတ်ဘူး

ငါ့အောက်ထပ်ကမိန်းမကြီးကတော့ လှေကားကခြေသံကြားရင် ဘုရားစာရွတ်နေတာကို အသံပိုမြှင့်လိုက်တယ်

ဒါဘာက အရက်သမားကတော့ ညဘက်ဆို သီချင်းတွေအကျယ်ကြီးဖွင့်တယ်၊ သူ့အတွက်တော့ သူ့အခန်းဟာ ကောင်းကင်ဘုံပဲ။

ငါတံခါးဖွင့်သံကြားတာနဲ့ ဘေးခန်းကခွေးပုကလေးဟာ ပြေးထွက်လာပြီး ဟောင်တယ်။ 

အကောင်သေးသလောက် အသံကျယ်ရဲ့။

မပြင်ရသေးတဲ့သံတံခါးကို အသံမမြည်အောင် မမပြီးဖွင့်ရတာလည်း အလုပ်တစ်ခုပဲ။

ငါက သော့ကို အထဲဘက်မှာပဲ အမြဲခတ်တယ်။ ပြန်လာရင် လက်နှိုက်ပြီးဖွင့်တယ်။ သော့ပျောက်သွားတုန်းက သော့သမားကိုခေါ်ဖွင့်တော့ အထဲမှာခတ်ထားတဲ့သော့ကိုဖွင့်ရလို့ ၁ သောင်းပိုပေးလိုက်ရတယ်။

ဒါပေမယ့် သော့အသစ်ကိုလည်း အထဲမှာပဲ အမြဲခတ်မိပြန်တယ်။

အတွင်းဘက်မှာခတ်တဲ့သော့က ပိုလုံခြုံတယ်မဟုတ်လား။

အပြင်မှာခတ်ထားတဲ့သော့ကိုမတွေ့တော့ အထဲမှာ လူရှိသလိုလိုပေါ့လေ။ 

တကယ်က အခန်းကလေးဟာ ပြန်မလာတာများတဲ့သူကြောင့် အမြဲတမ်းလူသူကင်းမဲ့နေတာပါ။

ဝရန်တာက ဂမုန်းပင်ကလေးတွေသာ လေတိုးလို့ယိမ်းနွဲ့မနေခဲ့ရင် အသက်မဲ့တဲ့အခန်းကလေးလို့တောင် ပြောလို့ရမယ်ထင်ရဲ့။

အသက်ဘာကြောင့်ရှင်နေရတာလဲလို့ အဲဒီအသက်မဲ့တဲ့အခန်းကလေးမှာ အကြိမ်ကြိမ်တွေးခဲ့ဘူးတယ်။

 

သွားကိုက်နေတဲ့သူငယ်ချင်းကို တိုက်ပေါ်က ခုန်ချခိုင်းတယ်၊

ဟာသမဟုတ်ပါဘူး။

နာကျင်မှုကို သေခြင်းတရားထက်ကို ပိုမုန်းလွန်းလို့ပါ။

ဒါပေမဲ့ အဝီစိဆိုတာ ငါးထပ်တိုက်ပေါ်က ငုံ့ကြည့်တာတောင် စိတ်ပျက်စရာ။

Hninn Khar Moe (1963) is a native of Rangoon. In 1983, he earned his first publication in Shumawa magazine, and got married. From 1990 to 1993 he was a prisoner of conscience under the Myanmar military junta, the State Law and Order Restoration Council. He left Myanmar in 2000 for Norway with his family. He returned to Rangoon in 2014 to serve as editor for Hnin Si Phyu publishing house. Since 2005 he has published four collections of poetry. In 2015 he received the North-Western Plain Poetry Prize, conferred by fellow Myanmar poets from Monywa. Since the military coup in Myanmar in February 2021, he has been unable to return to Norway to be reunited with his wife and children.